ဓာတ်ပုံ – Google

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူမရှုဘဲ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မွန်ခမာမျိုးနွယ်စုဖြစ်တဲ့ တအာင်း၊ ဝ၊ မွန် လူငယ်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းပြီး ထုတ်ပြန်တောင်းဆိုလာပါတယ်။

စစ်တပ်က လူထုတွေကို အဓိက ပစ်မှတ်ထားပြီး ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ မတရားစွဲဆိုချက်နဲ့ ထောင်ချတာ၊ ပြည်သူပိုင်အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးတာ၊ အများပိုင် ဆေးရုံ၊စာသင်ကျောင်း၊ ဈေးနဲ့ သာသနာ့ အဆောက်အအုံတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

လူအင်အား ချို့တဲ့လာတဲ့ စစ်တပ်က လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီးအတင်းအကြပ် စစ်မှုထမ်းစေတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း အခက်အခဲ၊ ဒုက္ခမျိုးစုံ ဆင်းရဲပင်ပန်းမှု၊ တိုင်းပြည်နဲ့ လူထုတွေရဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စတဲ့ရည်ရွယ်ချက်နဲ့အတူ ဒီနေ့အထိ တော်လှန်ရေးခရီးကို မဆုတ်မနစ်ဘဲ လျှောက်လှမ်းနေပါတယ်လို့ ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်၊ အကြမ်းဖက် အာဏာဖီဆန်ရေး အင်အားစု ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစု၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ ပြည်ပရောက် ဒေသခံတွေ အဖက်ဖက်ကနေ ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တအာင်း၊ ဝ၊ မွန် လူငယ်တို့အကြား အချိတ်အဆက်မပြတ် ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။