ရွှေဖီမြေ၊ မတ်လ ၁၁ ရက်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရရှိထားတဲ့ အောင်မြင်မှုဟာ တာရှည်ခံဖို့ အစမ်းသပ်ခံကာလဖြစ်ပြီး ၃ ဖွဲ့အကြား စည်းလုံးညီညွတ်မှု လက်ရှိထက်ပိုပြီး လုပ်ဆောင်သွားရမယ်လို့ တအာင်းတပ်မတော်- TNLA နဲ့ အာရက္ခတပ်တော်- AA က ပြောဆိုလာပါတယ်။

ဒီနေ့ မတ်လ ၁၁ ရက်မှာ ကျရောက်တဲ့ ကိုးကန့်တပ်မတော်- MNDAA တည်ထောင်ခြင်း ၃၆ နှစ်ပြည့်မှာ TNLA နဲ့ AA က ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိ MNDAA ရဲ့ ရည်မှန်းချက်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ အခက်အခဲအတားအဆီးတွေ သတိပြုရမှာကိုလည်း လက်ရှိအခြေအနေဟာ မီးမှောင်းထိုးပြသနေပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ရှိအတူ မရှိအတူ ညီနောင်အနေနဲ့ ၁၅ နှစ်ကြာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသ ပြန်လည် တည်ဆောက်ရေးမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျန်ညီနောင် ၂ ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ် စိတ်ရင်းနဲ့ ကျော်ဖြတ်သွားဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်မှာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြာရှင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော်ခေါ် ကိုးကန့်တပ်- MNDAA ဟာ ဒီနေ့ မတ်လ ၁၁ ရက်မှာ ၃၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး MNDAA က လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုး၊ တာမိုးညဲ၊ မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေကို MNDAA က အထူးဒေသ ၁ အဖြစ် ကြေညာထားပြီး အုပ်ချုပ်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။