ရွှေဖီမြေ၊ နိုဝင်ဘာ ၉ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဝန်ထမ်းနဲ့ နီးစပ်သူက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် ညပိုင်းမှာ ကွတ်ခိုင်မြို့ ရပ်ကွက်(၄)မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တစ်ခုမှာ အသက် ၂၀ ကျော် ဆိုင်ရှင်ဖြစ်သူ အမျိုးသားဟာ အရက်မူးပြီး ပြန်လာစဉ် ဆိုင်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသားက ဆိုင်ဝန်ထမ်းဖြစ်သူ ၁၉ နှစ်အရွယ် အမျိုးသမီးကို အိပ်ယာပေါ် တွန်းချပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားစဉ် အမျိုးသမီးငယ်က ငိုကြွေးခဲ့တာကြောင့် ဆိုင်ရှင်က အခန်းထဲကနေ ပြန်ထွက်သွားတယ်လို့ အမျိုးသမီးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူ ဆိုင်ရှင်ဆိုတော့ အဲလိုလုပ်မယ်လို့ မထင်ဘူးလေ။ အဲဒီအမျိုးသားက အပြင်ကနေ မူးပြီး ပြန်လာတာ။ သူက အန်နေတော့ အဲကလေးမကို မက်ကလောင် ဆွဲခိုင်းတာ။ အဲအချိန်မှာ ကောင်မလေးကို သူ့အိပ်ယာမှာ ဖိလိုက်တာ။ ကောင်မလေးက ဗိုက်နာတယ်ဆိုပြီးတော့ အပြင်ခဏ ထွက်ပြီး သူအိပ်တဲ့အခန်း ပြန်သွားတာ။ သူအနောက်ကနေ လိုက်လာပြီးတော့ ကောင်မလေးရဲ့ ရင်ဘတ်တွေနှိုက်ပြီး အိပ်ယာပေါ် ပြန်တွန်းချတာ။ အဲအချိန်မှာ ကောင်မလေးလည်း ကြောက်တော့ အော်ငိုတော့မှ အဲဒီအမျိုးသားက အခန်းကနေ ပြန်ထွက်သွားတာ”

လက်ရှိမှာတော့ အဆိုပါ အမျိုးသားကို တအာင်းတပ်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အမျိုးသမီးဘက်က ကာမကြံစည်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုဟာ အဓမ္မပြုကျင့်မှု မဟုတ်ပေမဲ့ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် ကာမကြံစည်မှုမြောက်ပြီး အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ကွတ်ခိုင်မြို့ပေါ်ရှိ ဆေးခန်းတစ်ခုမှာ ဆေးခန်းပိုင်ရှင်က အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။