ဓာတ်ပုံ- TAA (ပထမအသုတ် ကျောင်းသူကျောင်းသားတွေ)

ရွှေဖီမြေ၊ ဇန်နဝါရီ ၅ ရက်၊ နမ့်ခမ်း

တအာင်းဂီတနဲ့ရုပ်ရှင်အစည်းအရုံးနဲ့ တတ်သိပညာရှင်တို့ ပူးပေါင်းပြီး ဖွင့်လှစ်နေတဲ့ တအာင်းအနုပညာ အကယ်ဒမီကျောင်း- TAA ဒုတိယအသုတ် ထပ်မံ ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

၃ နှစ်ကြာ တက်ရောက်ရမှာဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃ဝ ဦးကို လက်ခံသင်ကြားပေးသွားမှာဖြစ်ကြောင်း သင်တန်းကျောင်းခေါ်စာထဲ ဖော်ပြထားပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပြီး တက်ရောက်အောင်မြင်ပြီးရင် အနုပညာဆိုင်ရာ ဒီပလိုမာဘွဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

ပထမအသုတ် သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူကျောင်းသား ၃ဝ ဦး တက်ရောက်သင်ကြားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။