ရွှေဖီမြေ၊ ဇန်နဝါရီ ၂၀ ရက်၊ မြောက်ဦး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲ စစ်သုံ့ပန်း ထားရှိတဲ့ ရမ်းချောင်းအနီးတဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူ‌တွေထဲမှ တချို့က အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သူ ရှိတာကြောင့် နောက်ထပ် သေဆုံးသူ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံး ဒဏ်ရာရရှိတဲ့ စစ်သုံ့ပန်းမိသားစုဝင်‌တွေကို အာရက္ခဒေသ စစ်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်တပ် မိသားစုဝင်တွေကို ပြန်လွှတ်ပေးဖို့ စီစဉ်ထားပြီးတော့ စစ်ရှောင်စခန်းမှာ ယာယီ ထိန်းသိမ်းထားတာလို့လည်း ဆိုပါတယ်။

စစ်ရှုံးနေတဲ့ စစ်တပ်က စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ လမ်းတံတား၊ စစ်ဘေးရှောင်စခန်းနဲ့ လူနေထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး ရာဇဝတ်မှု‌ကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး‌ လေ‌ကြောင်း တိုက်ခိုက်မှု‌ကို စစ်တပ်ဘက်မှ ခပ်စိပ်စိပ် လုပ်လာတာကြောင့် လေကြောင်းရန်နဲ့ လေကြောင်း အန္တရာယ်ကို အရင်ကထက် ပိုမိုသတိထားကြဖို့ အင်တာနက်၊ ဖုန်းသုံးစွဲမှု‌ကိုလည်း သတိထား သုံးစွဲကြဖို့လည်း သတိပေး တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။