ဓာတ်ပုံ – Local

အင်းငယ်၊ ဇန်နဝါရီ ၂၆ ရက်၊ ဖယ်ခုံ

ရှမ်းတောင်-ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ နွေရာသီမတိုင်ခင်ကတည်းက ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီဒေသတွေမှာ အဝီစိတွင်း တူးလို့ မရတာကြောင့် သောက်သုံးရေကို တစ်ခါဝယ်ရင် ရေဂါလံ ၂,၅၀၀ ကျော်ဟာ ၂ သောင်းကျပ်ဝန်းကျင်နှုန်းနဲ့ ဝယ်ယူသုံးစွဲနေရပြီး လိုသလောက်လည်း ဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက “ရေသီးသန့် အလှူရှင် လိုတယ်ပေါ့နော်။ အလှူရှင်တွေက အဝတ်စားတို့၊ စားနပ်ရိက္ခာတို့၊ ဆေးတို့ပဲ လှူကြတာလေ။ ဒီလိုမျိုး ရေအတွက် သပ်သပ်ကြီးတော့ လှူကြတာ မရှိဘူး။ အခုချိန် သူတို့ကို ရေနဲ့ပိုက်ဆံ ဘာယူမလဲမေးကြည့် ရေပဲပြောမှာ။ ရေက ဝယ်ချင်တောင် ရောင်းတဲ့သူက ရှိအုံးမှ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ရေရရှိဖို့အတွက် မိုးရာသီကတည်းက ရေသိုလှောင်ထားတဲ့ ဒေသခံဆီကနေ ပိုက်နဲ့ သယ်ယူတာ၊ ကိုယ်တိုင်သယ်ယူတာ၊ တော်လှန်ရေးအဖွဲ့အစည်းက ကားနဲ့သယ်ယူပေးတာတွေ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းမှာ ရေလှောင်ကန် တည်ဆောက်ဖို့ မိုးကာ၊ သစ်သား၊ ဝါး၊ သွပ်နဲ့ ဆောက်လုပ်ရေးပစ္စည်း လိုအပ်နေပြီး ရေသယ်ယူမယ့်နေရာမှာ အသုံးပြုဖို့ ဓာတ်ဆီ အသုံးစရိတ်အတွက်လည်း အလှူရှင် လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်း ၅ ခုခန့် ရေအရေးပေါ် လိုအပ်နေပြီး ဒေသခံတွေ တစ်ပိုင်တစ်နိုင်စာ ပြုလုပ်ထားတဲ့ ရေသိုလှောင်ကန်ကနေ မျှဝေသုံးစွဲနေရတာကြောင့် ရေရှည်မှာ အခက်တွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “ဒီမှာက ရေမထွက်တော့ အိမ်ဆောက်ပြီဆိုရင် ရေလှောင်ကန်ပါ တစ်ခါတည်း ဆောက်ရတယ်။ စခန်းတွေတော့ အလှူရှင် ဆောက်ပေးတာပေါ့။ အလှူရှင် မရှိတဲ့ စခန်းတွေက ဝယ်သုံးရတယ်။ တချို့ရွာက သူတို့ မလောက်မှာစိုးလို့ မရောင်းပေးတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ်အပြင် ကရင်နီပြည် ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း နွေရာသီ မတိုင်ခင်ကတည်းက ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။