မိုင်းရူပ၊ မတ်လ ၁၄ ရက်

တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကချင်တပ်မတော်- KIO/KIA တို့အကြား နယ်မြေအငြင်းပွားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ရှမ်းမြောက်မှာ နှစ်တပ်အကြား ဖြစ်ပွားနေတဲ့ မြေပြင်အငြင်းပွားမှုတွေကို တော်လှန်ရေးအင်အားစုနဲ့ ဒေသခံလူထုတွေက စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေပြီး တော်လှန်ရေးအဖွဲ့အစည်းဟာ လူထုတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ မြေပြင်အငြင်းပွားမှုကို နှစ်ဖက်ခေါင်းဆောင်ဘက်က နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းမယ်လို့ ကြားသိရတဲ့အတွက် NUG အနေနဲ့ ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တပ်အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရာမှာ NUG အနေနဲ့ ကူညီဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာ ကွတ်ခိုင်မြို့ထဲ KIA က အင်အား ရာချီ လက်နက် အပြည့်အစုံနဲ့ ဝင်ရောက်ဖို့ ကြိုးစားရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့ရှိ KIA ရဲ့ ဆက်ဆံရေးရုံးကို TNLA က ဝင်ရောက်စီးနင်းခဲ့ရာ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ကွတ်ခိုင်ဒေသခံ လူငယ်အမျိုးသားတစ်ဦးကလည်း TNLA နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေကို လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“နွေဦးတော်လှန်ရေးက ပြီးတဲ့ကာလ မဟုတ်တဲ့အတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေကြားထဲမှာ ဒီလိုပြဿနာတွေ ဖြစ်နေတာ့ ပြည်သူလူထုအနေနဲ့ ဘယ်သူ့ကို သွားပြီး အားကိုးရမလဲ ဖြစ်တာပေါ့နော်။ ငါတို့ အားကိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒီလိုဖြစ်နေတာလားဆိုတာတွေပေါ့” လို့ ပြောဆိုပါတယ်။

KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူကတော့ TNLA နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုတွေနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ ရွှေဖီမြေကို ပြောဆိုထားပါတယ်။

TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးကလည်း နှစ်ဖက်တပ်အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

၂၀၂၅ ဇန်နဝါရီလကစပြီး ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာ၊ မန်တုံနဲ့ ကွတ်ခိုင်မြို့နယ်မှာ KIA နဲ့ TNLA အောက်ခြေတပ်သားတို့ ပွတ်တိုက်မှု မကြာခဏ ဖြစ်ပွားနေပါတယ်။

TNLA နဲ့ KIA ဟာ မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့အပြင် “ဝ”တပ်- UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။