ဇူလိုင် ၂၄ ရက်၊ ရွှေဖီမြေ

“နာဂ” ကျေးရွာခံ လူငယ်ရာနဲ့ချီကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA က တပ်သားအဖြစ် စုဆောင်းခဲ့တဲ့လုပ်ရပ်နဲ့ တပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးတဲ့ လုပ်ရပ်တွေဟာ နာဂလူမျိုးတို့ကို ဆော်ကားခြင်းဖြစ်တယ်လို့ “နာဂ”ကျောင်းသားအဖွဲ့ – NSO က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ကို မနေ့ ဇူလိုင် ၂၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း KIA က “နာဂ”လူမျိုးတို့အပေါ် ရန်စမှုပြုလုပ်လာတာကို ရှုံ့ချကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကချင်ပြည်နယ်ရှိ ​ရွှေမှော်၊ ကျောက်မှော်နဲ့ နယ်စပ်တွေမှာရှိတဲ့ “နာဂ” ကျေးရွာခံလူငယ်တွေကို KIA က တပ်သားအဖြစ်ဖမ်းဆီးဆောင်သွားတဲ့ တချို့လူငယ်တွေရဲ့ သတင်းအစအနကိုတောင် မရတော့တဲ့ဖြစ်ရပ်တွေကို “နာဂ” ကျောင်းသားအဖွဲ့က တွေ့ရှိရကြောင်း ဆိုထားပါတယ်။

ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်အပေါ် “နာဂ”ကျောင်းသားအဖွဲ့က KIA ခေါင်းဆောင်တွေနဲ့ ၂၀၂၄ ဇွန်လ ၇ ရက်မှာ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဆွေးနွေးဖို့ သွားရာမှာ တားမြစ်တာခံခဲ့ရပါတယ်။

၂၀၂၄ ဇွန်လ ၁၃ရက်နဲလ ၁၄ ရက်မှာ KIA ရဲ့ လက်အောက်ခံအရာရှိနဲ့ ဆွေးနွေးခဲ့ရ​ပေမယ့်လည်း ရေရာတဲ့အဖြေမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်မှာလည်း တနိုင်းမြစ်အနောက်ဘက်မှာရှိ “နာဂ” ကျေးရွာတွေဖြစ်တဲ့ တလူးနဲ့ Lungyone ကျေးရွာအနီးရှိ “နာဂ” တပ်စခန်းက တပ်ဖွဲ့ဝင် ၁၆ ဦးကို လက်နက်နဲ့အတူ KIA တပ်ဖွဲ့က သာလွန်အင်အားနဲ့ ဖမ်းဆီးဆောင်သွားခဲ့ပါတယ်။

KIA ဘက်က အဲဒီအခွန်ကောက်ခံတဲ့ဂိတ်ကို ရုပ်သိမ်းပေးဖို့ အကြိမ်ကြိမ်သတိပေးရာ “နာဂ” ဘက်က ရုပ်သိမ်းခြင်းမရှိတာကြောင့် ဖယ်ရှားခြင်းဖြစ်တယ်လို့ ကချင်ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ရဲ့ လုပ်ရပ်ကို “နာဂ” ကျောင်းသားအဖွဲ့ – NSO အနေနဲ့ ပြင်းထန်စွာရှုံ့ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းသွားတဲ့ လက်နက်အားလုံးကို အမြန်ဆုံးပြန်လွဲပေးဖို့ တောင်းဆိုထားပါတယ်။

တောင်းဆိုမှုတွေကို လက်မခံဘဲ ​နှောင်နှေးမယ်ဆိုရင် ပဋိပက္ခကြီးထွားလာနိုင်ပြီး ဖြစ်ပွါးလာမယ့် ပဋိပက္ခတွေကို KIA က တာဝန်ယူရလိမ့်မယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။