ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၅ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ကိုးကန့်တပ်မတော်(MNDAA) ဖမ်းဆီးထားတဲ့ အသက် ၁၅ နှစ်အရွယ် နန်းယိင်းဟွမ်ဆိုသူဟာ တစ်လကြာတဲ့အထိ ဖမ်းဆီးထားခံရပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်ကို ၎င်းမိဘတွေက MNDAA ဆီ ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် သွားရောက်တောင်းဆိုခဲ့ပေမယ့် အထက်အမိန့်အရ လွှ‌တ်ပေးခွင့်မရှိသေးကြောင့်သာ MNDAAက ပြန်လည်ပြောဆို‌ကြောင်း သူကဆိုပါတယ်။

“တစ်ပတ်တစ်ခါတော့ တွေ့လို့ရတယ်ဆိုပြီး သူတို့ပြောတယ်။ သူ့ကိုသွားတွေ့တဲ့အချိန်ဆို သူတို့ကို မေးရင် အထက်က ဘာမှမပြောလာသေးဘူးလို့ ပြောနေတာ။ သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပေါ့နော်။ ဘာကြောင့်ဖမ်းတာလဲလို့ မေးရင်လည်း သူတို့မပြောပြဘူး။ ပြစ်ဒဏ်ချမှတ်တာတွေလည်းမရှိဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်ကို ပြီးခဲ့တဲ့ ဖေဖော်‌ဝါရီ ၇ ရက်က ကိုးကန့်တပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာကနေ တစ်ဦးသေဆုံးခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုဟာ နန်းယိင်းဟွမ်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကတည်းက ဒီနေ့ မတ်လ ၅ ရက်အထိ နန်းယိင်းဟွမ်ကို မိုင်းယော်တိုက်နယ် လွန်မွန်းကျေးရွာမှာသာ ဖမ်းဆီးချုပ်နှောင်ထား‌နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။