ဓာတ်ပုံ – SAC

မိုင်းရူပ၊ နိုဝင်ဘာ ၈ ရက်၊ မတ္တရာ

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်စပြီး စစ်ကြောင်း ၅ ကြောင်းခွဲကာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ အလောင်း ၁၆ လောင်း သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးမှုရှိခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆည်တော်ကြီး ရေလှောင်တမံကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် “ရှမ်း-မန်း စစ်ဆင်ရေး” မှာ မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁ နှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ထဲက ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး ဖယောင်းတောင် သတ္တုတွင်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံအပါအဝင် စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ မတ္တရာမြို့နယ်ထဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအများစု လက်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်က မန္တလေး PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခုက စကစ ဆည်တော်ကြီး ရသွားပြီ။ ဆက်ထိုးရင် စဉ့်ကူး ရောက်တော့မယ်။ မိုးကုတ်ကို စကစ ပြန်ရရင် စဉ့်ကူးက ကြားညှပ်နိုင်တယ်” လို့ ဆိုပါတယ်။

မန္တလေး PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့ဟာ မိုးကုတ်-မတ္တရာ-မန္တလေး လမ်းမကြီးပေါ်ရှိ တည်ရှိတာ ဖြစ်ပါတယ်။

မန္တလေး PDF ဘက်ကတော့ ဆည်တော်ကြီး ရေလှောင်တမံကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။