ဓာတ်ပုံ – SAC

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၂ ရက်

တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ပွဲတွေ ဆက်လက် ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းတောင် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေသတစ်ခုရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နောက်ကျအောင် လုပ်ဆောင်နေသူတွေဟာ အဲဒီဒေသမှာ နေထိုင်တဲ့ လူထုနဲ့ ဒေသခံ အကြမ်းဖက်အဖွဲ့တွေသာဖြစ်ပြီး ဥပဒေမဲ့ အကြမ်းဖက်တာ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲ ဖော်ဆောင်လာမှုကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ PDF နဲ့ ပူးပေါင်းကာ နယ်မြေ ချဲ့ထွင်ရေးနဲ့ အကြမ်းဖက်မှု ဆက်လုပ်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲကာ အပြစ်တင်ထားပါတယ်။

ဗထူးတပ်မြို့ဟာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ မိုင် ၈၀ ခန့်အကွာမှာ တည်ရှိပါတယ်။

စစ်တပ်ဟာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ နေ့စဥ်လိုလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း နေ့စဉ် တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်နဲ့ TNLA ရဲ့ ဆွေးနွေးပွဲရလဒ် မထွက်ဘဲ ပြီးဆုံးပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ဒေသကို လေကြောင်း တိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှု ဆက်တိုက် လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။