ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၁၄ ရက်၊ နမ့်လန်

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့နဲ့ ကျောက်ဂူလမ်းအပြင် ရှမ်းတောင် မိုင်းရယ်မြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နမ့်လန်မြို့ကနေ ကျောက်ဂူလမ်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာကြောင့် ကုန်တင်ကား၊ အိမ်စီးကား မှန်သမျှ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်သိရှိသူ တစ်ဦး “အသိတစ်ယောက်က အဲမှာ ပိတ်မိနေတာ။ အရှေ့လည်း သွားမရ။ အနောက်လည်း လှည့်ဖြစ်နေတယ်။ နမ့်လန် ကျောက်ဂူလည်း ပိတ်။ နမ့်လန်အဝင်အထွက်လည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။

၎င်းလမ်းကို ရှမ်းတောင် ရပ်စောက်မြို့မှာရှိတဲ့ ဗျူဟာမှူး အမိန့်အရ ပိတ်ရတာ ဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးအရဆိုပြီး ခရီသည်နဲ့ ကားသမားတွေရဲ့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နဲ့ စမတ်ကဒ် ကအစ အကုန်သိမ်းသွားတဲ့အပြင် တချို့ကားတွေကို စစ်ဆေးစရာရှိတယ်ဆိုပြီး ရပ်စောက် ဗထူးတပ်ထဲကို မောင်းသွင်းထားတယ်လို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးက “သူတို့ ခွင့်မပြုသေးပဲ ဘယ်မှ သွားလို့မရအောင် လုပ်တာလို့ထင်တယ်” လို့ ပြောပါတယ်။

အလားတူ ရှမ်းတောင် မိုင်းရယ်မြို့အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့နောင်ထပ် မိုင်းရယ်ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပိတ်ထားတယ်လို့ဘဲ ကြားတယ်။ ဘာကြောင့် ပိတ်တယ်ဆိုတာ မသိရဘူး။ ဟိုယ ဘက်လည်း ပိတ်ထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

သီပေါမြို့အထွက် သီပေါ-လားရှိုးတံတားကို ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က အပြန်အလှန် ပိတ်ထားတာကြောင့် ဖြတ်သန်းသွားလာလို့ မရဘူးလို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။