ဓာတ်ပုံ – CJ

လွေးထွေး၊ မတ်လ ၁၈ ရက်၊ မိုးဗြဲ

ရှမ်းတောင် မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ထဲက နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ထဲကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကတည်းကနေ ဒီနေ့ မတ်လ ၁၈ ရက်အထိ စစ်ကောင်စီတပ်က ‌လွိုင်ကော်နဲ့ဖယ်ခုံ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တဲ့အပြင် မိုးဗြဲအနီး စစ်ကောင်စီအခြေချတဲ့ နေရာကနေလည်း ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မိုးဗြဲ PDF ရဲ့ တာဝန်ရှိသူတစ်ဦးက “ဒီတလော ဆက်တိုက်ပစ်နေတယ်။ လူထိတာတော့မရှိဘူး။ အကုန်လုံးက စစ်ရှောင်သွားကြတော့ သူတို့အိမ်တွေတော့ မီးတွေလောင်ကုန်တာပေါ့။ စစ်ကောင်စီသုံးတာက ရိုးရိုးဗုံးအပြင် မီးလောင်ဗုံးတွေလည်းပါလို့လေ” လို့ ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာလည်းနေ့တိုင်း တိုက်ပွဲတွေပြင်းထန်နေပြီး မိုးဗြဲမြို့ခံတွေအပါအဝင် အနီးအနားရှိ ကျေးရွာခံတွေကလည်း စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုးဗြဲ PDF တပ်ဖွဲ့နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့‌ တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် မတ်လ ၁၄ ရက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း မိုးဗြဲမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ရင်းကိုတော့ မတိုက်ထုတ်နိုင်ဘဲ အခုထိရှိနေလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။