မိုင်းရူပ၊ ဧပြီ ၄ ရက်၊ သပိတ်ကျင်း

အပစ်ရပ်ဖို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

မနေ့ ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်မှာ စစ်တပ်ဟာ ၇ မိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော်- TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ပူးပေါင်းတပ် တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

“လေယာဥ်နဲ့ ၂ ကြိမ် လာကြဲတာ။ လေယာဥ်နဲ့ ကြဲပြီးတော့ မြေပြင်ကနေရော ထိုးစစ်လုပ်လာတာ။ လက်နက်ကြီး၊ ဒရုန်းနဲ့လည်း ဗုံးကြဲတာတွေ လုပ်နေတယ်” လို့ ၇ မိုင်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ တိုက်ပွဲမှာ နှစ်ဖက်တပ် အထိအခိုက် ရှိခဲ့ပြီး ဒီနေ့ ဧပြီ ၄ ရက် ၇ မိုင်မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာလည်း မနေ့ ဧပြီ ၃ ရက်ကစလို့ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ ကရင်နီနဲ့ ရှမ်းမြောက်ရှိ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပါတယ်။

ငလျင်သင့်တဲ့ဒေသက လူထုတွေကို စာနာတဲ့အနေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁ လကြာ အပစ်ရပ်ထားပြီး KIA က ၃ ပတ်ကြာအပစ်ရပ်ထားကာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ၂ ပတ်ကြာ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။