ဓာတ်ပုံ – SPM

ပျားကြီး၊ ဇန်နဝါရီ ၂၂ ရက်၊ ဆိပ်ဖြူ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ ၂၂ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အနီးအနားက ကျေးရွာငယ်ကို မီးရှို့ဖျက်ဆီးမှု ထပ်မံ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၂)အနီးဝန်းကျင်က ဖက္ကနား၊ သစ္စည်း စတဲ့ရွာငယ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

“ဒုတိယအကြိမ် ရှို့တာပေါ့။ အခုအကုန် ကုန်သွားပြီ။ ရွာကလူတွေနဲ့ တွေ့ချင်တယ်ဆိုပြီး ပြောနေတာ။ ဒါပေမဲ့ ကြောက်တယ်လေ။ ဘယ်သူမှ သွားမတွေ့ရဲဘူး။ အကုန်ပုန်းနေကြရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၅၀ နီးပါးပဲရှိတဲ့ ဖက္ကနားရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းကလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး အိမ်ပေါင်း ၃၇ လုံးကို မီးရှို့ဖျက်ဆီးရာ လက်ရှိမှာတော့ ကျန်နေသေးတဲ့ အိမ်တွေကို ဆက်လက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

စစ်ကောင်စီအတွက် အကြီးစား စစ်လက်နက်ပစ္စည်း ထုတ်လုပ်ပေးနေတဲ့ ကပစ ၂၁ နဲ့ ၂၂ တပ်ဟာ ပြီးခဲ့တဲ့ အပတ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် အခုလို အနီးအနားက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး တစ်ချိန်တည်းမှာ ဖြစ်ပွားခဲ့တဲ့ ကပစ ၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ချိန်မှာလည်း ၈ ဦး သေဆုံးပြီး ၁ ဦး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။