ဓာတ်ပုံ – Telegram

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၁ ရက်၊ မိုင်းရယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့ မိုင်းဟဒေသမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန်) လုပ်ကိုင်သူ ၂၉ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းရယ်မှာ ပြည်သူ့စစ်တွေ ဖွင့်ထားတဲ့ ကျားဖြန်လုပ်ငန်း အများစုရှိပြိီး လက်ရှိ ဝင်ဖမ်းတဲ့နေရာဟာ ဦးလော်မားရဲ့သား ဖွင့်ထားတဲ့ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ ကျားဖြန့်လုပ်ငန်းမှာ လုံခြုံရေး ဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၁၀၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တန့်ယန်းမြို့ခံတစ်ဦးက “ဘယ်လိုဖြစ်ပြီးဝင်ဖမ်းတာတော့ မသိဘူး။ ကြာပြီ ရှိတာက။ အများကြီး ဖမ်းမိတယ်။ ထွက်ပြေးကုန်ကြတော့ ၂၉ ယောက်ဘဲ ကျန်တယ်။ ထွက်ပြေးလို့ ပစ်လိုက်တာ တစ်ယောက်က ခြေထောက် ထိသွားတယ်” လို့ ပြောပါတယ်။

မိုင်းဟမှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန်ရုံဟာ အဖွဲ့အစည်းတွေဆီ အခွန်ဆောင်ကာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဘာကြောင့် ဖမ်းတာလဲဆိုတာ‌ကိုတော့ သေချာမသိရသေးဘူးလို့ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“စစ်တပ်က ကျားဖြန် အဆောက်အအုံးကို ဘူဒိုဇာ(မြေကော်ကား)တွေနဲ့ ထိုးပြီး မီးရှို့ဖို့လုပ်နေတာ။ လုံခြုံရေးက စစ်တပ်ကို သေနတ်နဲ့ ပစ်တယ်။ စစ်တပ်က ပြန်ပစ်တော့ နှစ်ယောက်လား သုံးယောက်လား မသိဘူး သေတာ”

ကျားဖြန်ရုံဟာ တန့်ဟန်းနားမှာ တစ်ခုရှိပြိီး မန်ကန်နားမှာ ရှမ်းအဖွဲ့တွေ ဖွင့်ထားတာတစ်ခုနဲ့ မိုင်းဟမှာလည်း အများစု ကျန်‌ရှိနေသေးတာကြောင့် ဘယ်နေ့ ဝင်ဖမ်းမလဲဆိုတာကိုတော့ မသိဘူးလို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေနဲ့အတူ ၎င်းတို့ အသုံးပြုတဲ့ ဖုန်းမျိုးစုံ အလုံး ၂၆၀၊ Laptop ၂၅ လုံး၊ Desktop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wi-Fi စက် ၂ လုံး၊ Star link ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ ကား ၃ စီး၊ ဆက်စပ်ပစ္စည်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ပြည်ပ နိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေးရှူပြီး သက်ဆိုင်ရာ နိုင်ငံ‌တွေဆီ ပြန်လည် ပို့ပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲ “ဝ”ဒေသအတွင်း ကျားဖြန် လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လင်ချန်းမြို့မှ သံသယရှိသူ ၇ ဦးကိုလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။