ရွှေဖီမြေ၊ အောက်တိုဘာ ၁ ရက်၊ သရက်ချောင်း
တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာလ ၃၀ ရက် မနက် ၇ နာရီမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ တပ်ရင်းတို့က ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၁၂ နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီမှာလည်း စစ်ကောင်စီတပ်က ပုလောမြို့နယ် မင်းပြာရွာကို အလားတူ စစ်ကြောင်းထိုးပြီး ပြည်သူ့ပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။