ဓာတ်ပုံ- Google (ပုံဟောင်း)

ခိုင်လေး၊ ဇန်နဝါရီ ၁၆ ရက်၊ ချောက်

မကွေးတိုင်း ချောက်မြို့နယ် ထိန်စမ်းရွာဘက် အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံတစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ Chauk Guerrilla Force- CGF က ထုတ်ပြန်ထားပါတယ်။

“ထိန်စမ်း ကျေးလက်ကျန်းမာရေးဌာနနားမှာ ခေါင်းကို တေ့ပြီး နောက်ကနေ ပစ်သတ်သွားတာဗျ။ တစ်ယောက်ကတော့ သေဆုံးသွားပြီး နောက်တစ်ယောက်ကတော့ မိတ္ထီလာ ဆေးရုံကို လွှဲထားရတယ်လို့ သိရတယ်ဗျ” ဆိုပြီး CGF ရဲ့ တာဝန်ခံ ကိုပိုင်က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၆ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ထိခိုက်သွားတဲ့သူတွေကို နာရေးကူညီမှုကားနဲ့ လာခေါ်သွားတယ်။ ချောက်မြို့နယ် ပြည်သူ့ဆေးရုံကို ၁၅ ရက်နေ့ ညကလည်း ဆေးရုံကို လုံခြုံရေး ချထားတယ်လို့ သိရတယ်ဗျ”

စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တာရှိပြီး တော်လှန်ရေးတပ်သားဘက်မှ ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ထိန်စမ်းရွာတဝိုက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အရပ်သားလည်းတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။