ဓာတ်ပုံ- CJ (အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းပေါ်က အလုပ်သမား ဆေးရုံကြီးရှေ့ ဆောက်လုပ်နေတဲ့ မဏ္ဍပ်တစ်ခုကို ဒီနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းက မြင်တွေ့ရစဉ်)

ပျားကြီး၊ မတ်လ ၃၁ ရက်၊ မန္တလေး

ငလျင်ဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက သင်္ကြန်မှာ ပျော်ပါးဖို့အတွက် မဏ္ဍပ်တွေကို အင်တိုက်အားတိုက်နဲ့ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မန္တလေးမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး လူထောင်နဲ့ချီ သေဆုံးခဲ့သလို ကယ်ဆယ်ပေးဖို့ လိုအပ်နေတဲ့ လူတွေလည်း ဒီနေ့အထိအများစု ကျန်ရှိနေသေးပေမဲ့ စစ်ကောင်စီကတော့ မဏ္ဍပ်ပဲ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“တစ်မြို့လုံး မြို့ပျက်ကြီးလို ဖြစ်နေပြီ။ လူတွေအားလုံး ပူဆွေးသောက ရောက်နေကြတယ်။ ပြိုပျက်နေတဲ့ အဆောက်အဦးတွေထဲမှာ ပိတ်မိနေတဲ့သူတွေ အခုထိ မထုတ်နိုင်သေးဘူး။ နာရီပေါင်း ၇၀ ပြည့်တော့မယ်။ အဲဒါတွေကျ မလုပ်ဘဲ ပျော်ပါးဖို့အတွက် မဏ္ဍပ်တွေ ဆောက်နေတယ်” လို့ အောင်မြေသာစံမြို့နယ်မှ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုကို စစ်ကောင်စီ လက်အောက်ခံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်စွဲထားတဲ့ နန်းတွင်းအရှေ့ဖက်၊ ၆၆ လမ်းပေါ်မှာ ဆောက်လုပ်နေတာဖြစ်ပြီး မဏ္ဍပ်ပေါင်း ၅ ခုထက်မနည်း ဆောက်လုပ်နေတာကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ၂၆ လမ်းပေါ်က မြို့တော်စည်ပင်ခန်းမရှေ့မှာလည်း ဗဟိုမဏ္ဍပ် ဆောက်လုပ်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် အဆောက်အဦးပေါင်း ထောင်နဲ့ချီပြီး ပြိုကျပျက်စီးခဲ့ပြီးတော့ သေဆုံးသူ ၁ ထောင်ကျော် ရှိနေသလို အဆောက်အဦးပျက်အတွင်းမှာလည်း ရာပေါင်းများစွာသော လူထုတွေက နာရီပေါင်း ၇၀ ကျော်ကြာ ဆက်လက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။