ဓာတ်ပုံ – Local

အင်းငယ်၊ မတ်လ ၄ရက်၊ ညောင်ရွှေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ ရောက်ရှိနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေကို အခု မတ်လအတွင်း အခြေခံပညာစာသင်ကျောင်း စာမေးပွဲတွေ ပြီးဆုံးပြီးတဲ့ အချိန်မှာ စစ်ကောင်စီက ဖိအားပေး နေရပ်ပြန်ခိုင်းသွားနေတယ်လို့ စုံစမ်းသိရပါတယ်။

ညောင်ရွှေမြို့နယ် ထွေအုပ်ရဲ့ ညွှန်ကြားချက်အရ တောင်ခြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ကျေးရွာအသီးသီးရှိ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေတာပဲ ဖြစ်ပါတယ်။

တောင်ခြေကျေးရွာရောက် ဖယ်ခုံစစ်ဘေးရှောင် တစ်ဦးက “သူတို့တော့ စာပြန်ပွဲ အကြောင်းပြတာပေါ့။ ကျမတို့လည်း ဟိုမှာ မငြိမ်သေးဘူးဆိုတော့ မပြန်ရဲသေးဘူး။ ပင်လောင်းဘက် သွားကြမလား စဉ်းစားတာပေါ့။ သူတို့ နှင်ထုတ်နေတာ တစ်လပိုင်းကတည်းကဆိုတော့ ဒီတခါ တကယ်ပြန်ရပြီထင်တယ်” လို့ ပြောပါတယ်။

ညောင်ရွှေမြို့မှာ စာပြန်ပွဲ ပြန်လုပ်ချင်တဲ့ မြို့ခံလူတစ်စုက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေ ရှိနေတာကြောင့် စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီးချုပ်ကို အကူအညီတောင်းပြီး နှင်ထုတ်ခိုင်းထားတာလို့ သိရပါတယ်။

လက်ရှိ ညောင်ရွှေမြို့နယ်နဲ့ ထိစပ်နေတဲ့ ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့နယ်တွင်းက ကျေးရွာတွေမှာ စစ်မှုထမ်းခေါ်ယူနေတာကြောင့် ပြန်ဖို့အတွက် စိုးရိမ်မှု ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “လက်နက်ကြီးလည်း ကျနေသေးတယ် ပြောတယ်။ ဒီကာလ ပြန်ဖို့တော့ မဖြစ်နိုင်ပါဘူး။ တချို့ဆို အိမ်ပါ မရှိတော့ဘူးလေ။ ဘယ်လိုပြန်မလဲ။ အင်းမြောက်ပိုင်းက ကျောင်းတွေတော့ တက်လာခဲ့ ကူညီပေးမယ်လို့တော့ ခေါ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဖယ်ခုံမြို့နယ်ကတဆင့် ကရင်နီပြည်ကို စစ်ကြောင်းထိုးနေတာကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်းမှာ စစ်ဘေးရှောင်ဦးရေ ပိုများလာတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။