ဓာတ်ပုံ – DPLA

ရွှေဖီမြေ၊ မေလ ၂၁ ရက်၊ ရပ်စောက်

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားနေတဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အနီးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ DPLA က ထုတ်ပြန်ပါတယ်။

မနေ့ မေလ ၂၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်နဲ့ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ အဆိပ်ငွေ့ဗုံး ၅ လုံးနဲ့ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတကာက ကန့်သတ်တားမြစ်ထားတဲ့ အဆိပ်ငွေ့ဗုံးတွေ အသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံလူထုတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာဘက်မှာလည်း မကြာခဏဆိုသလို အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်တာတွေ ပြုလုပ်နေကြောင်း တအာင်းတပ်ဘက်က ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။