ဓာတ်ပုံ – Local

အိုက်ပွီး၊ မေလ ၂၀ ရက်၊ ကလေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နဲ့ စစ်ကြောင်း ထိုးလာနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

မနေ့ မေလ ၁၉ ရက်နေ့၊ မနက် ၄ နာရီကစပြီး ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကား ၁၅ စီးနဲ့ ချင်းပြည်နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်း ထိုးလာတာဖြစ်ပါတယ်။

“ကလေးမြို့ကနေ ကား ၁၅ စီးနဲ့ အင်အား ၂၀၀ လောက်ရှိမယ်။ လက်နက်ခဲယမ်းတွေအပြည့်စုံနဲ့ ချင်းတောင်ဘက်ကို ဦးတည်ချီတက်နေတာပါ။”လို့ စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ စစ်ကြောင်း ချီတက်ရာမှာ စစ်ကောင်စီတပ်က ခြေလျင် အင်အား တစ်ဝက်နဲ့ ကားပေါ် အင်အား တစ်ဝက်တို့နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်း ချီတက်ရာ ကားလမ်းတလျောက်ကိုလည်း ကင်းထောက် လေယာဥ်နဲ့ အရင်စေလွှတ်ပြီး ကင်းထောက်နေတယ်လို့ သိရပါတယ်။

“စစ်သားတွေ စစ်ကြောင်းထိုးတာက ခြေလျင်ကနေ တစ်ဝက်၊ ကားပေါ်ကနေ တစ်ဝက် သွားကြတယ်။ နေ့လယ်လောက်ရောက်တော့ ကလေး-သိုင်းငင်း စစ်ကြောင်း ချီတက်ရာ လမ်းတလျှောက်ကို ကင်းထောက် လေယာဥ်နဲ့ ကင်းထောက်တယ်။”လို့ စစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မေလ ၂၀ ရက်နေ့ထိ ဘယ်နေရာတွေကို ရောက်ရှိနေလဲဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ကလေး – သိုင်းငင်း ကားလမ်းဘေးရှိ ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲဖြစ်လာမယ့်ကို စိုးရိမ်ကြလို့ ဘေးလွတ်ရာကို ကြိုတင် ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေကြပါတယ်။

“မနေ့က မွှလ်ပီရွာမှာ လေယာဥ်ဝဲနေတယ်။ လေကြောင်း ဗုံးကြဲတိုက်ခိုက်မလားဆိုပြီး စိုးရိမ်နေကြတယ်။ နောက်တော့မှ စစ်သားတွေ စစ်ကြောင်းထိုးလာလို့ ကင်းထောက်တယ်ဆိုတာ သိရတာပါ။ ဒါကြောင့် တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ကြသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်ကြလို့ ကားလမ်းဘေးက ရွာတွေအကုန်လုံး တိမ်းရှောင်နေကြတယ်။”လို့ မွှလ်ပီရွာသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချင်းတောင်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာတဲ့အတွက် လက်ရှိမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ စစ်ရေးနဲ့ပတ်သက်ပြီး တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ သုံးသပ်ထားပါတယ်။

“အခုစစ်ကြောင်းထိုးလာတဲ့ လမ်းအတိုင်းဆို တီးတိန်ဘက်ကို တက်လာလို့ရသလို ဖလမ်းဘက် တက်လာလို့လည်းရတယ်။ လမ်းက ဟိုဘက်၊ ဒီဘက် သွားလို့ရတာကိုး။ တီးတိန်းမြို့ဘက်မှာတော့ စကစတွေ ရှိနေသေးတယ်။ သူတို့က ချိတ်ဆက်တော့ ရှိမှာပေါ့လေ။ ဖလမ်းဘက်တော့ မြို့ကျပြီး အရှက်ပြေ စစ်ကြောင်း ထိုးလာနိုင်တယ်။ အဲလောက်အင်အားအများနဲ့တက်လာတယ်ဆိုတော့ တိုက်ပွဲကပြန်ဖြစ်လာနိုင်တယ်။ အရင်နှစ်ကလည်း ကလေးမြို့ကနေ စစ်ကြောင်းတွေထိုးလာပြီး လက်လွတ်လိုက်ရတဲ့ စခန်းတွေ တိုက်ပွဲဖြစ်ပြီး ပြန်သိမ်းတာတွေရှိတယ်။”

လက်ရှိမှာ တိုက်ပွဲမဖြစ်သေးပေမယ့် စစ်ကောင်စီတပ်နဲ့ CDF CDM Siyin နှစ်ဖက်စလုံးက ကလေး-သိုင်းငင်း ကားလမ်း အတက်/အဆင်း အားလုံးကို ယာယီပိတ်ထားလိုက်​ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။