ဓာတ်ပုံ – SPM

မိုင်းအရှိုင်း၊ ဇူလိုင် ၁၃ ရက်၊ ရွှေဖီမြေ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့သီပေါမြို့တွေကို ၂ပတ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၄ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ပတ်ကျော်အတွင်း ကလေးနဲ့ အမျိုးသမီးအပါအဝင် ဒေသခံ ၁၅ ဦး သေဆုံးသွားခဲ့ပြီး ၄၆ဦး ထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကစပြီး ကျောက်မဲမြို့ က လူစည်ကားရာ စံပြထမင်းဆိုင်ကို စတင်ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားကာ ၁၄ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇွန်လ ၂၇ ရက်နေ့ မှာလည်း ကျောက်မဲမြို့ ရက်ကွက် ၇ ရှိ ဆောက်လုပ်ရေးရုံးကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဗုံးကြဲတိုက်ခိုက်မှုအပြီး ၂ ရက်အကြာ ဇွန်လ ၂၉ ရက်မှာ ကျောက်မဲမြို့ကို နေ့လည် ၂ နာရီတစ်ကြိမ် ညပိုင်း ၉ နာရီ တစ်ကြိမ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်ကြဲပြီး နေအိမ်အများအပြား ထိမှန်ပျက်စီသွားခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကိုလည်း ပြီးခဲတဲ့ ဇွန်လ ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်မှုအပြီး တစ်ပတ်အကြာ ဇူလိုင် ၈ ရက်မှာတော့ ကျောက်မဲမြို့ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဇူလိုင် ၈ ရက် မနက်ခင်းပိုင်းမှာပဲ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့သလို ၅ ဦးထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုအပြီး တစ်ရက်အကြာမှာပဲ ဇူလိုင် ၉ ရက် ညပိုင် ၈ နာရီမှာ မိုးကုတ်မြို့ အရှေ့ပိုင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးသွားကာ ကလေး ၆ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်ရာ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေမှာ ဗုံး ၁၂ လုံးကြဲချတိုက်ခိုက်လို့ ဒေသခံ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၅ရက်နေ့မှာ သီပေါမြို့ကို ဗုံးကြဲခဲ့ပြီး ဇူလိုင် ၁၁ရက်နေ့မှာ ကျောက်မဲနဲ့နောင်ချိုကို ထပ်မံ ဗုံးကြဲခဲ့ပြီး ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရကာ ဒီနေ့ ဇူလိုင် ၁၃ရက်မှာလည်း ကျောက်မဲကို ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အဘွားအို ၁ဦး ဒဏ်ရာရခဲ့ပါတယ်။

နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားထောင်ချီသုံးပြီး ရာနဲ့ချီတဲ့ လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေကိုလည်း ဇွန်လ ၂၄ ရက်ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲချတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။