မိုင်းရူပ၊ မတ်လ ၂၉ ရက်၊ မိုးဗြဲ

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ စစ်တပ်ဟာ အင်အားအလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်လာပြီး ကရင်နီ တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့ထဲ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး နေ့စဉ် တိုက်ခိုက်နေတာကြောင့် လူနေအိမ် အများစု မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးကလည်း စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မိုးဗြဲမှာ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိမှာ မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဘက်က ဆက်လက် ထိန်းချုပ်ထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လောလောဆယ်တော့ တိုက်ပွဲအကြီးတော့ မရှိဘူး။ ပြောက်ကျားစနစ်နဲ့ပဲ တိုက်နေတာ။ မိုးဗြဲမြို့ထဲကို ကျနော်တို့ဘက်ကပဲ ထိန်းချုပ်ထားတယ်”

KNDF ဘက်ကတော့ မိုးဗြဲမှာ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ မိုးဗြဲမြို့အနီးမှာ သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ စစ်ရေးသတိ ရှိကြဖို့ တိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ ကျန်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကရင်နီ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။