မိုင်းရူပ၊ မတ်လ ၁၃ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းအမှတ် ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာ ခံနေရပြီး လေကြောင်းနဲ့သာ လက်နက်ခဲယမ်း ပို့ဆောင်နေရတယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၁၂ ရက်မှာ တွင်းငယ်နဲ့ တကက ၁၃ တပ်ထဲ စစ်တပ်ရဲ့ စစ်ထောက်ပို့လေယာဥ်နဲ့ လက်နက်ခဲယမ်း ၃ ကြိမ် လာရောက် ပို့ဆောင်ပေးခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ လေယာဥ် လက်နက်ခဲယမ်းတွေကို လာပို့တာ ရှိတယ်။ လေယာဥ်နဲ့ လာပို့တဲ့အချိန်မှာ TNLA ဘက် ပြန်လည် ပစ်ခတ်ခဲ့တာရှိတယ်။ အခုက စစ်ကောင်စီတွေကို TNLA ဘက်က ဝိုင်းရံပိတ်ဆို့ထားဆဲပဲ။ အခု မြေပြင်စစ်ကူလမ်းကြောင်းက ဧရာဝတီမြစ်ကနေပဲ စစ်ကောင်စီတွေ လာလို့ရမယ်”

ဒီနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာတော့ စစ်တပ်က TNLA နဲ့ ပူးပေါင်းတပ် တည်ရှိရာသို့ ဒရုန်း အသုံးပြုပြီး ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တွင်းငယ်ရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ၄ လနီးပါးအကြာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှာ ပြန်လည် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ တွင်းငယ်ရွာရဲ့ နေရာအားလုံးနီးပါးကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပြီး TNLA နဲ့ ပူးပေါင်းတပ်ဘက်က တွင်းငယ်ရွာဘေးအထိ တပ်ဆုတ်လိုက်ရပြီး စစ်ကောင်စီတပ်ကို ဝိုင်းရံပိတ်ဆို့ထားတဲ့အခြေအနေ ဖြစ်ပါတယ်။

တွင်းငယ်ရွာကနေ ကချင်ပြည်နယ်ဘက် သွားနိုင်သလို မန္တလေးဘက်လည်း သွားနိုင်တာကြောင့် တွင်းငယ်ရွာဟာ စစ်ရေးအရအရေးပါတဲ့နေရာဖြစ်ပြီး တွင်းငယ်ရွာကို ပြန်ရဖို့ ကြိုးစားနေတာလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောဆိုပါတယ်။

သပိတ်ကျင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်းအမှတ် ၁၃ တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။