ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၃ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်လမ်း နန့်ယား အနီးအထိ မေလ ၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ တွေ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

“စစ်ကောင်စီ တပ်ဖွဲ့တွေ နန့်ယား ရောက်ခါနီးနေပြီလို့ သိရတယ်။ မနေ့ မေလ ၂ ရက်နေ့ နေလယ်ပိုင်းက တံတားညီနောင်မှာလည်း လေကြောင်းနဲ့ ဗုံးလာကြဲသွားတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဖားကန့် ကံဆီးမှာရှိနေတဲ့ ဗျူဟာမှုး အပြောင်းလဲလုပ်တယ်လို့ ယူဆရတဲ့ ရဟတ်ယာဉ် ၂ စီး မနေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲကျော်ခန့်က ရောက်လာပြီး တစ်စီးက ကင်းလှည့်ပေးပြီး တစ်စီးက မြေပြင် ဆင်းသက် လူချသွားတယ်လို့ ဆိုပါတယ်။

“ထိုးစစ်ဆိုတော့ အင်အားအလုံးအရင်းပဲ။ မနေ့ကတော့ မအူပင်နားလို့ သိရတာ ဒီနေ့တော့ နန့်ယားနား ရောက်တော့မယ်ဆိုတော့ ရွေ့တော့ ရွှေ့လာ နေကြပြီ။ မပိတ်ဆို့ နိုင်ရင်တော့ ရောက်မှာပဲ။ ဖားကန့်ဘက်လည်း အင်အားများတယ်လို့ပြောတယ်”လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အရင်လ ဧပြီ ၂၈ ရက်နေ့က ကာမိုင်းမြို့ဘက်ကနေ ဖားကန့်လမ်းဘက် လှုပ်ရှားစစ်ကြောင်း ထိုးလာခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က နန့်ယား အနီး နဲ့ နီးကပ် လာတာလို့ သူက ပြောပါတယ်။

ဒါ့အပြင် မေလ ၁ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်ခန့်ကစ တနိုင်းလမ်းပေါ်ရှိ လဝါးရွာအနီးဘက်လည်း တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ တပ်ဖွဲ့ရဲ့ လဝါးရွာဆုတောင်းတောင် တပ်စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ကာ လက်နက် ခဲယမ်းတွေနဲ့ အလောင်း ၁၃ လောင်း အပြင် သုံ့ပန်း အရှင် ၁ ဦး ဖမ်းဆီး ရမိကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းကလည်း ကာမိုင်းမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ်မဟာ ၉ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ ဖားကန့် လမ်းမပေါ်ရှိ နန့်ယားရွာ အောက်နားက ရွာမှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးတာ ဖြစ်ပါတယ်။

လတ်တလော စစ်ကောင်စီ တပ်ဖွဲ့တွေက ဖားကန့်လမ်းကြောင်း၊ တနိုင်း လမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဆက်တိုက် ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။