ရွှေဖီမြေ၊ မေလ ၁၄ ရက်၊ မိုးကုတ်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို မနေ့ မေလ ၁၃ ရက် လူတွေအိပ်စက်ချိန် ညသန်းခေါင် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေပေါင် ၅၀၀ ဗုံးထပ်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းနဲ့ အရှေ့ပိုင်းရဲ့ အစပ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်ကို ဦးတည်တိုက်ခိုက်တာဖြစ်ပြီး လူနဲ့နေအိမ်ထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့ကို မကြဲခင် နာရီပိုင်းမှာလည်း နောင်ချိုမြို့ ဈေးရပ်ကွက် နယ်မြေ ၁၀ ကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့ပြီး နေအိမ် ၇ လုံးထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ရဲ့ ညအချိန်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့နဲ့ မန်တုံမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မန်တုံမြို့ခံ ၁ ဦး သေဆုံးခဲ့ရပါတယ်။

TNLA နဲ့ ကူမင်းမြို့မှာ ဆွေးနွေးခဲ့တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့ ၅ မြို့ပြန်ပေးရေးကို TNLA ဘက်က လက်မခံခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။