ဓာတ်ပုံ- Facebook

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၂ ရက်၊ တာချီလိတ်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရရဲ့ ဝိဇာတ မွေးနေ့ပွဲတော်ကို တအာင်း၊ ကိုးကန့်၊ ကရင်နဲ့ ရခိုင်လူမျိုးတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဆရာတော်ရဲ့ မွေးနေ့ပွဲကို ‌လာမယ့် ဖေဖော်ဝါရီ ၁ ရက်ကနေ ၆ ရက်အထိ ရှမ်းအရှေ့ တာချီလိတ်မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ လူမျိုးတွေကို သံဃာတော်တွေကအစ သံလွင်မြစ်ကူး (တာကော်)တံတားမှာ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပလောင်၊ ကိုးကန့်၊ ကရင်၊ ရခိုင် မှတ်ပုံတင်ကိုင်ထားရင် ဘာထောက်ခံစာပဲ ရှိနေနေ ပေးမဖြတ်ဘူး။ ညှိလို့လည်း မရဘူး။ သွားတဲ့သူရှိရင်လည်း ပြန်လှည့်ခိုင်းတာ”

တာကော်တံတားပေါ် စစ်တပ်ဘက်က လုံခြုံရေးအတွက် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ဆရာတော်ရဲ့ မွေးနေ့ပွဲကို သွားရောက် ဖူးမျှော်ကြမယ့် အဲဒီလူမျိုးတွေကို မသွားဖို့နဲ့ သွားလည်း ပြန်လှည့်ခိုင်းမှာ ဖြစ်တဲ့အတွက် မသွားကြဖို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။