ဓာတ်ပုံ – KNDF

မိုင်းရူပ၊ စက်တင်ဘာ ၃၀ ရက်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီး ဖရူဆို-ဘောလခဲလမ်းပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်နေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းဟာ ဒီရက်ပိုင်းအတွင်း ဖရူဆိုအခြေစိုက် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရောက်ရှိနေပြီး အဲဒီနေရာကနေ တဆင့် ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ဒီးမော့ဆိုကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးပြီးတော့မှ ဖရူဆိုဘက်ကို စစ်ကြောင်းတချို့ ရောက်သွားတယ်။ ဒီလမ်းမကြီးကို စစ်ကြောင်းထိုးပြီးတော့ သုံးနိုင်တဲ့ အနေအထားမျိုးရှိတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ ဒေါ်ငံခါးရပ်ကွက်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ လမ်းတစ်လျှောက်မှာ နေထိုင်တဲ့ လူထုတွေ အနေနဲ့ လုံခြုံရေးသတိထားဖို့နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ KNDF ဘက်က သတိပေးထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ကရင်နီပြည်ရှိ တော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး ဗိုးမြဲနဲ့ ဒီးမော့ဆိုမြို့ အပါအဝင် နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။