ဓာတ်ပုံ – ဆိုရှယ်မီဒီယာ

အလင်း၊ ဇန်နဝါရီလ ၂၄ ရက်၊ ဖလမ်း

ချင်းညီနောင် (CB) အဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အင်အား ထမ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ ရောက်ရှိနေပြီလို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

“ကလေး-သိုင်းငင်း ကားလမ်းအတိုင်း သိုင်းငင်းရွာကို ရောက်လာပြီး သိုင်းငင်းရွာကနေ သိုင်းငင်း-ဖလမ်း ကားလမ်းအတိုင်း ဖလမ်းဘက် အင်အားဖြည့်တာပါ။ ရှေ့ပြေး စစ်သားတွေ ဗာလုံကို ရောက်ပြီ။ ကားတွေက ဇောင်ကောင်ဘက် ရောက်ပါပြီ” လို့ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်ကားတွေနဲ့ အင်အား ၃၀၀ ဝန်းကျင်ခန့် ဖလမ်းမြို့နယ်ကို အင်အားဖြည့်တင်းလာတာကြောင့် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။

“အင်အားက ၃၀၀ လောက်ရှိမယ် ခန့်မှန်းတယ်။ စစ်ကား ၃ စီး၊ ၄ စီးလောက် ပါတယ်။ လက်နက်ခဲယမ်းတွေကလည်း သယ်ဆောင် လာနိုင်တဲ့အတွက် တိုက်ပွဲက ပိုပြင်းထန်လာမယ် ထင်တယ်။ ခြေချင်တစ်ဝက်၊ ကားတစ်ဝက်နဲ့ စစ်ကြောင်း ထိုးတာပါ” လို့ အထက်ပါ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မရှိသေးသလို စစ်ကြောင်းဟာ ဖလမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီထံလည်း မရောက်သေးဘဲ လမ်းတစ်ဝက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖလမ်းမြို့နယ် ပြန်ရရေးအတွက် ကလေးမြို့ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကစပြီး စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများကာ အခုအခါ အင်အားထပ်ပံ ဖြည့်တင်းလာတာပါ။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။