ဓာတ်ပုံ – အညာမြေအရပ်ဖက်အဖွဲ့အစည်း(မြိုင်)

ရဲမာန်၊ ဒီဇင်ဘာ ၉ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်အရှေ့ခြမ်းက ၄ နှစ်နီးပါးကြာ စစ်ရှောင်နေတဲ့ ကင်းရွာခံရဲ့ ကောက်သီးပဲနှံသိမ်းဆည်းထားတဲ့ ယာတော ၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ထာားပါတယ်။

မနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတဲ့ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲ့စစ်ကြောင်းက ပခုက္ကူတပ်မ ၁၀၁ ကနေတဆင့် လာတဲ့ စစ်ကြောင်းဖြစ်တယ်။ သူရဲ့ပင်ရင်းတပ်ကတော့ တပ်မ ၉၉ ဖြစ်တယ်လို့ သိရတယ်။ မြိုင်နယ်ထဲကို ၁၁ ပိုင်း ၃ ရက်နေ့က စပြီးဝင်တာ။ မြိုင်တောင်ပိုင်း စက်မှု ၂ ကနေမှ ရွာစဉ်ပတ် စစ်ကြောင်းထိုးပြီးနေရင်းနဲ့ မနေ့က ကျောက်စရစ်ကန်ကနေတဆင့် ကင်းရွာကို မွေနောက်ပြီး စစ်ရှောင်တဲတွေကို မီးရှို့တဲ့ သဘောပါ။ တောင်သူတွေသိမ်းတဲ့ ပဲသီးနှံတွေ အဓိကပါသွားတာပေါ့”

အဆိုပါ ကင်းကျေးရွာဟာ ပခုက္ကူတပ်မ ၁၀၁နဲ့ အလွန်နီးကပ်နေတဲ့ရွာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၂၀၂၂ ကတည်းက စစ်ရှောင်နေတဲ့ရွာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ကင်းရွာက တပ်မ ၁၀၁နဲ့ ၂မိုင် ၃မိုင်လောက်ဘဲ ဝေးတဲ့အနေထားပါ။ သူကတပ်မထဲကို ပြန်မဝင်ဘဲနဲ့ မြိုင်နယ်ပိုင်း‌တွေကို စစ်ကြောင်းပြန်ထိုးမဲ့အနေထားလို့ ယူဆတဲ့အတွက် မြိုင်နယ်က ပြည်သူတွေအနေနဲ့ စစ်ရေးသတိ လေကြောင်းသတိ အမြဲရှိနေစေချင်တယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မနက် ၉ နာရီခွဲမှာ မြိုင်မြို့နယ် တဲကြီးရွာဘက် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က မြိုင်မြို့နယ် စက်မှုဇုန် ၂ ဘက် ရောက်လာတဲ့ စစ်တပ်ဟာ ဝက်ပုတ်ရွာအနီးရှိ ရွာတန်းရှည်‌ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။