ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင်ပကဖ

မိုင်းရူပ၊ မေလ ၂၀ ရက်၊ သပိတ်ကျင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာရှိ ရွှေလုပ်ကွက်ကို စစ်ကောင်စီက ဗုံးထပ်ကြဲခဲ့ရာ ကလေး ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီနေ့ မေလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီရွှေလုပ်ကွက်ကို စစ်ကောင်စီက မနေ့ မေလ ၁၉ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၃ လုံးနဲ့ ကား ၁ စီးလည်း ပျက်စီးခဲ့ပါတယ်။

“ပေါင် ၃၀၀ ဗုံး ၂ လုံးနဲ့ ကြဲသွားတယ်။ အမျိုးသား ၂ ဦး ဒဏ်ရာရတယ်။ တစ်ယောက်က ပေါင်ထိတယ်။ တစ်ယောက်က လက်ထိတယ်။ ၁၅ နှစ်တစ်ဦး ဆုံးသွားတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လိပ်ကျကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲတာတွေ မကြာခဏပြုလုပ်နေပြီး မေလ ၁၈ ရက် ည ၇ နာရီဝန်းကျင်တုန်းကလည်း ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တာနဲ့ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်မှာလည်း လိပ်ကျရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သံဃာတော်နဲ့ ကလေးအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ ဧပြီလကနေ မေလဝက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ‌၁၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။