ဓာတ်ပုံ- CJ

ပျားကြီး၊ ဇန်နဝါရီ ၁၂ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က သိန်း ရာနဲ့ချီ တောင်းယူပြီး ပျူစောထီးတွေကိုလေလံတင် ရောင်းချနေတယ်လို့ ဒေသခံနဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ကျေးရွာခံရဲ့ ပစ္စည်းအားလုံးကို ယူဆောင်ခွင့် ပေးထားပြီး ပစ္စည်းသယ်ယူပြီးစီးတဲ့ နေအိမ်တွေကိုတော့ တစ်အိမ်ချင်းမီးရှို့ဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။

“ပျူတွေထဲက ပိုက်ဆံရှိတဲ့ ကောင်တွေက လေလံ ယူတာပေါ့။ ပြီးရင် ကြိုက်တာကို ကြိုက်သလို ယူခွင့် ပေးထားတယ်။ အကုန်လုံး ယူပြီးရင် တစ်ခါတည်း မီးရှို့ပေါ့။ အရင်လို ရွာလုံးကျွတ် မရှို့တော့ဘူး။ အမှိုက်ထဲက ရွှေထုတ်တယ်လို့ ခေါ်ကြတယ်။ ပစ္စည်း ယူပြီးတဲ့အိမ်ကိုပဲ ရှို့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က လေလံ တင်ထားတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ရှိနေပြီး ဒေသခံရဲ့ စီးပွားရေးအခြေအနေနဲ့ ရွာအကြီး အသေးပေါ် မူတည်ပြီးတော့ တစ်ရွာကို အနည်းဆုံး သိန်း ၂၅၀ ကနေ သိန်း ၄၀၀ အထိ တောင်းယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လေလံ ဆွဲချင်တဲ့ ပျူတွေက အများကြီးပဲ။ ပထမဆုံးတစ်ရွာမှာ လေလံဆွဲတဲ့ကောင်က သိန်းထောင်ချီ ရလိုက်တာ။ အခု အနောက်ပိုင်းက ရွာတွေဘက် ဝင်နေကြတယ်” လို့ လုံခြုံရေးအရ နာမည်နဲ့ရာထူးကို မဖော်လိုတဲ့ တပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ငါးလုံးပြွန်၊ သပြေပင်ကုန်း၊ လက္ကောင်းကြီး၊ လက္ကောင်းလေး၊ မြွေဥဒိန် စတဲ့ကျေးရွာကို လေလံ ပေးထားပြီး မြွေဥဒိန်ရွာကို ၁၂ ရက်ဆက်တိုက် နေအိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။