မိုင်းရူပ၊ ဇန်နဝါရီ ၃ ရက်

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက် ပို့မယ့် စက်သုံးဆီ ဂါလံ ၆ သောင်းကျော်အပြင် စက်သုံးဆီ ရောင်းချသူ ၁၇ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ရွာက ဆီ သိုလှောင်ထားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ဖမ်းဆီးရမိတဲ့အထဲ စက်သုံးဆီ ရောင်းချသူ ၁၇ ဦး၊ စက်သုံးဆီသယ်ယာဥ် ၂၂ စီးနဲ့ စက်သုံးဆီ ၆၀,၅၄၅ ဂါလံ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော်- TNLA၊ ကချင်တပ်မတော်- KIA၊ ကိုးကန့်တပ်မတော်- MNDAA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေ ထိန်းချုပ်ထားတဲ့ဒေသမှာ စက်သုံးဆီတွေ မရောက်အောင် စစ်ကောင်စီက ကန့်သတ်ထားတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့တွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ ဒေသမှာ ပြည်မကနေ စက်သုံးဆီနဲ့ စားသောက်ကုန် မရောက်အောင် ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ TNLA, MNDAA နဲ့ KIA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်မှာ နေရာဒေသပေါ် မူတည်ပြီး စက်သုံးဆီ တစ်လီတာကို ၇ ထောင်ကျပ်ကနေ ၁ သောင်းကျော်အထိ စျေးမြင့်တက်နေပါတယ်။

“ကျနော် နောက်ဆုံး ထည့်ခဲ့ရတာ တစ်လီတာကို ၈ ထောင် ပေးရတယ်။ ခက်ခဲတာက လက်လုပ်လက်စား နေ့စားတွေပါ။ ဈေးကြီးလည်း ဝယ်သုံးနေကြတယ်” လို့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးနဲ့ ရန်ကုန်လိုနေရာမှာ စက်သုံးဆီ တစ်လီတာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ရှိပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်မှာတော့ စစ်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဘက်ကလည်း ရှမ်းမြောက်မှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်း မဝင်နိုင်အောင် တရုတ်-မြန်မာနယ်စပ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပင်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။