ဓာတ်ပုံ – Local

ပျားကြီး၊ ဖေဖော်ဝါရီ ၂၅၊ မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ လူပေါင်း ၂၀ ကျော် ရှိလာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ခွက်ရေနံမှော်ဒေသအတွင်းမှာရှိတဲ့ ဆုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက မင်္ဂလာပွဲပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကျောင်းပေါ်ကိုတည့်တည့်ကျတာ။ အလောင်းတွေကပြန့်ကြဲနေတာဆိုတော့ မနည်းကြီးကိုဆွဲထုတ်နေရတာ။ တိတိကျကျကိုမသိရသေးဘူး။ ၂၀ ကျော်လောက်ရှိသွားပြီ။ ဒဏ်ရာရတဲ့သူတွေလည်းမနည်းဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက နောက်တစ်ကြိမ်လေကြောင်းအန္တရာယ်ရှိလာနိုင်တဲ့အတွက် ဒေသခံတွေကို ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်ဖို့သတိပေးထားတယ်လို့ဒေသခံတွေက ဆိုပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုသုတက “ပေါင် ၅၀၀ နှစ်လုံးနဲ့ ကြဲပြီးတဲ့နောက်မှာ ၁၀ နာရီကျော်လောက်မှာ နောက်ထပ် မိတ္ထီလာတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၃၀ မမဗုံးသီး အလုံး ၆၀ လောက်ကြဲချတယ်။ အထိခိုက်ကတော့ ၂၀ ပတ်ချာလည်လောက် ရှိမယ်။ အတိကျတော့မပြောနိုင်သေးဘူး အခုမှရှင်းလင်းရေးလုပ်‌နေတော့” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

မနေ့ကညပိုင်းမှာလည်း ပေါက်မြို့နယ်၊ ကင်းမကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီး ( Paramoter) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။