ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၉ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာကို စစ်ကောင်စီတပ်က လေးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာထဲပိတ်မိနေသူ ဒေသခံ ၄၀ ကျော်ကိုလည်း ဖမ်းဆီးထားပြီး နောက်ထပ် အမျိုးသား ၈ ဦးထက်မနည်းကိုလည်း ပစ်သတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ကနေ ၂၆ ရက်အတွင်း ရွာတွေထဲ စစ်ကြောင်းထိုး ဝင်‌ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ အင်အား ၂၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်မှာ ဘူးကုန်းရွာက‌နေ ကျီကျင်းရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မထွက်ပြေးနိုင်တဲ့ ရွာသူရွာသားတွေကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲ စစ်ကြောင်းရောက်တော့ မထွက်တဲ့ရွာသားတွေ အကုန်ဖမ်းတာ။ လန့်ပြီး ထွက်‌ပြေးတဲ့သူတွေဆို ပစ်သတ်တာ။ ရွာထဲမှာ ပစ်သတ်ထားတာ ၆ ယောက်လောက် ရှိတယ်။ ရွာထဲမှာတော့ ကျွန်တော်မြင်ခဲ့သလောက်ပဲ။ အဲထက်လည်း ပိုနိုင်တယ်။ ပုန်းနေရာကနေ ထွက်ပြေးရင်း ကတ္တရာလမ်းပေါ်မှာ ပစ်သတ်ထားတဲ့ ကားသမား ၂ ယောက် အလောင်းလည်း ထပ်တွေ့ခဲ့တယ်” လို့ ထွက်ပြေးလွတ်‌မြောက်လာသူ ကျီကျင်းရွာတစ်ဦးရဲ့ ပြောပြချက်ကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောင်းထိုင်ဆရာတော် ဦးကောဝိဒထံရဲ့ ဝတ္ထုငွေ သိန်း ၈၀ ကိုလည်း ယူဆောင်သွားခဲ့ပြီး ဆရာတော်ကိုလည်း ရွာပြင်နှင်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ မနေ့ ဩဂုတ်လ ၂၈ ရက်အထိ ကန့်ဘလူမြို့နယ် တောင်ပိုင်း ဗျူဟာလမ်းအနောက်ဘက်နဲ့ အရှေ့ဘက်က ကျေးရွာတွေကို ၁၃ ရက်အတွင်း အပြစ်မဲ့ ပြည်သူပိုင် နေအိမ် ၅၀၀ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဒေသခံ ၂၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။