ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၁၁ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာက ဒေသခံရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကျီကျင်းရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အဲရွာမှာ စကစတွေ ထိုင်ထားတာ သုံးလလောက် ရှိနေပြီဗျ။ ရွာထဲမှာရှိတဲ့ စကစတွေကပဲ မီးရှို့တာပါ” လို့ ပြောပါတယ်။

ကျီကျင်းရွာထဲ စစ်တပ်က တပ်စွဲနေဆဲ ဖြစ်တာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်တပ်ရဲ့ စစ်ကြောင်း‌ဟာ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေမှာ လှည့်လည်သွားလာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်တုန်းကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ထန်းတပင်ရွာထဲ ဝင်ရောက်ပြီး ဒေသခံရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သား ၈၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့အပြင် အမျိုးသမီး ၂ ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၂ ဦးက ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။