ဓာတ်ပုံ – Local

မိုင်းရူပ၊ မတ်လ ၉ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူဟာ စစ်ကောင်စီကို သတင်းပေးနေသူဖြစ်တာကြောင်း ၎င်းတို့ တပ်ဖွဲ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပျားစစ်ကြောင်းအဖွဲ့က ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာ အုံတိုင်းကျေးရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူ စိုင်းပီးဆိုသူကို အုံတိုင်းဘုန်းကြီးကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရာ ဘုန်းကြီးပျံလွန်တော်မူခဲ့ပြီး စိုင်းပီးဆိုသူလည်း သေဆုံးခဲ့ပါတယ်။

ဆရာတော် ဦးဓမ္မသာရဟာ နာရေးကနေ ပြန်လာပြီး စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စည်းရုံးတာတွေ ပြုလုပ်ခဲ့ပြီး အုံတိုင်းဘုန်းကြီးကျောင်းသို့ ပြန်လာစဥ် ပျားစစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တွေဘုန်းကြီးရဲ့ လက်ကိုင်ဖုန်းစစ်ဆေးရာမှာ စစ်ကောင်စီထောက်တိုင်တွေနဲ့ ပြောဆိုထားတဲ့ မှတ်တမ်းတွေ တွေ့ရှိခဲ့တယ်လို့ ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲထားပါတယ်။

အဲဒီနောက် ဆရာတော်ဦးဓမ္မသာရက စစ်ကောင်စီနဲ့ ပတ်သတ်မှုရှိကြောင်း ဝန်ခံခဲ့ပြီး ဆရာတော်ကို ခေါ်ဆောင်ဖို့ လုပ်ဆောင်ရာကနေ ရုတ်ရင်းဆန်ခတ်ဖြစ်ပြီး ဆရာတော်နဲ့ ၎င်းရဲ့ တပည့်ဖြစ်သူကို ပျားစစ်ကြောင်းတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆရာတော်နဲ့ ၎င်းရဲ့ တပည့်ဖြစ်သူကို ပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်ကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်နေတယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ကို အမြန်ဆုံးစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့ကတော့ ဆရာတော်ဟာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူဖြစ်ကာ နိုင်ငံရေးနဲ့ ပတ်သတ်မှု မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

” ဦးဇင်းက စစ်ဘေးရှောင်တွေကို ကူညီနေသူဖြစ်တယ်။ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုမရှိဘူး” လို့ ဒီပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ ဖယ်ခုံရှမ်းအမျိုးသမီးအသင်းရဲ့ တာဝန်ရှိသူ မချယ်ရီလေးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ကတော့ စစ်ကောင်စီရဲ့ သတင်းပေးလို့ ယူဆခံရသူတွေနဲ့ စစ်သုံ့ပန်းတွေကို ဥပဒေကြောင်းအရ တရားစီရင်မှုမပြုလုပ်ဘဲ လက်လွတ်စပယ် သတ်ဖြတ်ခြင်းဟာ နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ မနေ့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆရာတော် ဦးဓမ္မသာရနဲ့ ၎င်းရဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ စစ်ကောင်စီ၊တော်လှန်ရေးကိုအင်အားတွေအကြား သတင်ပေး(ဒလန်)လို့ စွပ်စွဲပြီး အပြန်အလှန် သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။