ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၃၁ ရက်

ဧရာဝတီမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်တဲ့ မေခမြစ်‌ဟာ ဒီ‌နေ့ မေလ ၃၁ ရက်နေ့မှာ ရေပိုကြီးလာလို့ ချီဖွေစစ်ရှောင်ရာနေရာတွေမှာလည်း ရေမြှုပ်လာတာအပြင် ဧရာဝတီမြစ်ပါ ရေတက်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

၁၀ ပေခန့် ရေမြင့်တက်လာတာဖြစ်ပြီး စစ်ရှောင်တွေကတော့ ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မေခမြစ် ရေကြီးလာလို့ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်ကစ ချီဖွေရှိ စစ်ရှောင်စခန်း ရေမြုပ်စပြုလာပါပြီ” လို့ ဒေသခံတ‌စ်ဦးက ပြောပါတယ်။

လက်ရှိမှာ မေခမြစ်ရေ ကြီးပြီး စိုးရိမ်စရာ အခြေအနေမဟုတ်ပေမယ့် မြစ်ကြီးနားက မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ ပြင်ဆင်ထားသင့်တယ်လို့ သူက ပြောပါတယ်။

“အခြေအနေကတော့ အိမ်ပါ မျောပါလာပြီ။ မြစ်ရေ တော်တော်ပြန်တက်နေတယ်။ ဒီရက်ပိုင်း မိုး ဆက်တိုက် ဆက်တိုက်ရွာတာနဲ့ မြစ်ရေတွေ ကြီးနေတာ။ ဧရာဝတီမြစ် အရမ်းမကြီးဘူး ဆိုပေမယ့် အရင်ကထက်စာရင်ရေကြီးတယ်။ ရေလယ်ကျွန်းတွေတောင် မြုပ်သွားပြီ။” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။

နေရာအနှံ့ အပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်ကြား မိုးကြီးကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီမှာ အသိပေး သတင်းထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ၊ လျှပ်တပြက်ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်နဲ့ မြစ်၊ ချောင်းအနီးတွေမှာ နေထိုင်သူတွေ ရေကြီး၊ ရေလျှံမှုအန္တရာယ် ကြုံလာရနိုင်တာကြောင့် ကြိုတင်ရှောင်ရှားနိုင်ရန်လည်း အကြံပြုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။