မိုင်းရူပ၊ မတ်လ ၁၃ ရက်၊ ကျင်စန်းကျော့

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ စက်ပစ္စည်းကလွှဲပြီး ကျန်ကုန်ပစ္စည်းတွေကို တရုတ်ဘက်က သယ်ယူခွင့် ပြုပေးနေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကစပြီး တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံကနေ မြန်မာဘက် ကုန်ပစ္စည်း သယ်ယူခွင့် ပြုပေးတာဖြစ်ပြီး စက်ပစ္စည်းတွေကိုတော့ သယ်ယူခွင့် မပေးသေးဘူးလို့ နယ်စပ်ဂိတ်အကြောင်း သိရှိထားသူ ၁၀၅ မိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စက်ပစ္စည်းကလွှဲရင် ကုန်ကတော့ ပေးထွက်ပြီပေါ့။ စက်ပစ္စည်း အကြီးစားတွေ ပေးမထွက်ဘူး။ ဥပမာ လက်ဖက်လှော်စက်တို့ ပါတာပေါ့။ တရုတ်ဘက်က သယ်ယူခွင့်ပြုပေမဲ့ အခွန်စျေးနှုန်းတော့ နည်းနည်းများတယ်”

တရုတ်ဘက်က ကုန်ပစ္စည်း သယ်ယူခွင့် ပြုပေမဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ကောက်ခံတဲ့ အခွန်တွေ များတာကြောင့် ကုန်သည်အနည်းစုလောက်သာ ကုန်ပစ္စည်း ကုန်သွယ်မှု ပြုလုပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်း တရုတ်ဘက်က ပိတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကစကာ မြန်မာဘက်ကနေ တရုတ်ဘက် ကြံ၊ ပြောင်းဖူးနဲ့ မီးသွေးကို တရုတ်က တင်သွင်းခွင့် ပြုရာကနေ လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာဘက် ကုန်ပစ္စည်း သယ်ယူခွင့် ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။