ဓာတ်ပုံ- Local

ဝတ်မှုံ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ကွတ်ခိုင်

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ဒေသကနေ တအာင်းတပ်- TNLA ထိန်းချုပ်ဒေသသို့ စားသောက်ကုန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားသမားတွေကို ဖြတ်သန်းခွင့် မပြုသေးဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်တဲ့ သိန္နီမြို့နယ်ကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဘက် ကုန်စိမ်း သွားရောင်းတဲ့ ဈေးသယ်တွေကို သွားခွင့်ပြုပေမဲ့ တခြားစားသောက်ကုန်တွေကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သိန္နီနဲ့ကွတ်ခိုင်ကြား မန်ပြိန်းဂိတ်မှာရှိတဲ့ ကိုးကန့်တပ်ရဲ့ စစ်ဆေးရေးဂိတ်က အဓိက စစ်ဆေးမှု တင်းကြပ်နေတာဖြစ်ပြီး စားသောက်ကုန်၊ စားသုံးဆီနဲ့ စက်သုံးဆီတွေကိုတော့ လက်ရှိအချိန်ထိ သယ်ယူခွင့် ပိတ်ထားဆဲဖြစ်တယ်လို့ ကွတ်ခိုင်-လောက်ကိုင်ဘက် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။

“မနေ့ကတောင် ကျနော်ပစ္စည်းနည်းနည်း တင်တာကို စစ်နေတာ။ ရေခဲရိုက်ငါးတွေ ငါးခြောက်တွေတောင် တင်လို့မရဘူး။ ကျနော်က ပုံးတွေ တင်လာတော့ သူတို့က ငါးတွေ တင်လာတယ်ထင်နေတာ။ သူတို့ ဘာမှပေးမသယ်ဘူး”

ကိုးကန့်တပ်က အခုလို သယ်ယူခွင့် ပိတ်ထားတာကြောင့် ကွတ်ခိုင်မှာ အရင်က ဆန်တစ်အိတ် ၁၃၀,၀၀၀ ကျပ်ကနေ လက်ရှိ ၁၄၀,၀၀၀ ကျပ်နဲ့ အရင်က ကြက်ဥတစ်ဖာ ၁၁၀,၀၀၀ ကျပ် ရှိရာကနေ လက်ရှိ ကြက်ဥတစ်ဖာကို ၁၄၀,၀၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ကွတ်ခိုင်မြို့မဈေးထဲ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုက သိန္နီက ဈေးသည်တွေ လာရပြီဆိုပေမဲ့ ကုန်တွေကို အရင်လို ကိုယ်သယ်ချင်သလောက် သယ်လာလို့ မရဘူးလေ။ ကုန်စိမ်းတွေပဲ သယ်လို့ရသေးတာ။ အဲဒါတောင် နည်းနည်းပါးပါးပဲ သယ်ခွင့်ပေးတာ။ ကွတ်ခိုင်ကနေ လောက်ကိုင်ကို ကုန်စိမ်းသွားရောင်းတဲ့ တအာင်းတွေဆိုလည်း တစ်ခြားတရုတ်တွေ ကချင်တွေရဲ့ ကားငှားပြီးမှ သွားရတာ။ တအာင်းဆို သွားလို့မရဘူးလေ”

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းကစပြီး လားရှိုးကနေ နမ္မတူနဲ့ နမ့်ဆန်ဘက် ကုန်စည်တင်သွင်းခွင့်၊ ခရီးသည်သွားလာခွင့်ကိုလည်း ကိုးကန့်တပ်ဘက်က ထပ်မံ ပိတ်လိုက်ပြီး ဒီနေ့အထိ ကုန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့် မပြုသေးပါဘူး။

မဟာမိတ်အချင်းချင်းကြား ပြဿနာကနေ လူမျိုးရေး ပဋိပက္ခအသွင် မဆောင်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။