ပေါခလိုးဒေသအတွင်း ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား

လွေးဇွန်မိုး၊ ဇန်နဝါရီ ၁ ရက်၊ ဘားအံ

မွန်ပြည်နယ် သထုံခရိုင်နဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က မနေ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ KNU ထိန်းချုပ်နယ်မြေ ဒူသထူးခယ(သထုံ)ခရိုင်အတွင်းက ယိုးကလား၊ ထီးဖဒိုထာကြားနဲ့ မူတြော် (ဖာပွန်)ခရိုင်ထဲက နိုဖောထီးရွာမှာ ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်အပြီးမှာ ပွဲကျင်းပရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ကရင်နှစ်သစ်ကူးနေ့ဆိုတာက ကရင်တစ်မျိုးသားလုံးနဲ့ ဆိုင်တာပေါ့နော်။ တော်လှန်ရေး လုပ်နေတဲ့ ကရင်တွေ ရှိသလို တော်လှန်ရေးထဲမှာ မပါဝင်တဲ့ ကရင်တွေလည်း ရှိပါတယ်။ အဲဒါကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ ကရင်တစ်မျိုးသားလုံးကို စော်ကားတိုက်ခိုက်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်နေပေမဲ့ ၎င်းတို့ရဲ့လုပ်ရပ်က တွေ့​ဆုံဆွေးနွေးပွဲနဲ့ ဆန့်ကျင်နေတယ်လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

ဒါ့အပြင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဂုဏ်သိက္ခာ ညိုးနွမ်းစေပြီး ပွဲတက်ရောက်သူတွေကို သေကြေပျက်စီးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။