ဓာတ်ပုံ – KNDF

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ် ဗိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံး အသုံးပြုတိုက်ခိုက်နေတာရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ မိုးဗြဲမြိုကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးလို့ ယူဆရတဲ့ အငွေ့တွေကို ထပ်ပြီးလာကြဲတာ ရှိတယ်။ ရှေ့တန်းရဲဘော်တွေကတော့ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက လိုမျိုးအဆိပ်ငွေ့ကို ရှူမိသလိုမျိုး အဲဝေဒနာ ပြန်ခံစားရတာ ရှိတယ်” လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း-၄၂၂ တပ်စခန်းမှ မိုးဗြဲမြို့နဲ့ အနီးတဝိုက်တွေမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အက်စ်ဖော့စ်တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမယ့် မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း-၄၂၂ ကျန်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ကရင်နီတော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီ က အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေမှာ အဆိပ်ငွေ့တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရှမ်းမြောက် နောင်ချိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲတွေမှာ အဆိပ်ငွေ့ကို အသုံးပြု တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောကြားချက်ကို တစ်စုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။