ဓာတ်ပုံ – Local

ခိုင်လေး၊ ဧပြီ ၂၉ ရက်၊ ဝန်းသို

‎စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အာမခံရွာအနီးက ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ဝန်းသိုမြို့ PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ဝန်းသိုမြို့ အရှေ့ဘက် တစ်မိုင်ကျော်က အာမခံရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလာတာနဲ့ တိုးပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး စစ်ဆေးပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

‎”ဖြစ်သွားတာက မနက် စောစော ၄ နာရီမှာ ဖြစ်ဖို့များတယ်။ စစ်တပ်က ကျောက်တိုင်ရွာဘက်ကို စစ်ကြောင်းထိုးတာ အဲနား‌ရောက်တော့ စစ်တပ် ဓာတ်မီးထိုးပြီး ရုန်းရုန်းစတဲ့ အသံတွေကြားတယ် လို့ အဲကဒေသခံတွေပြောပြတယ်။ သေတာကို သိတာကတော့ မနက် ၈ နာရီ အချိန်လောက်မှာပေါ့။ သေသွားတဲ့သူတွေက သာမန်ဈေးသည်တွေပါ ရွာတွေထဲကိုဈေးလှည့်ရောင်းသူတွေ။ ရိုက်နှက်မေးမြန်းရာကနေ လက်လွန်သွားတာလို့ ကြားသိရတယ်” လို့ ဝန်းသိုမြို့ PDF မှ တာဝန်ရှိသူက ပြောပါတယ်။

‎စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသူ‌က မြို့သစ် (၁) ရပ်ကွက်မှ မိသားစုဖြစ်တဲ့ ကိုလင်း၊ မနန္ဒာလှိုင်၊ ၎င်းတို့ရဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ် အပါအဝင် ၃ ဦး၊ စက်ဝင်းရပ်ကွက်မှ မဝင်းရီ ၊မချစ်စု ၊မအေးသူ နဲ့ ၎င်းရဲ့ လသားအရွယ် ကလေးငယ် အပါအဝင် ၄ ဦး စုစုပေါင်း ၇ သေဆုံးခဲ့ပါတယ်။

‎အလောင်း ၇ ခုတွေရှိတဲ့ နေရာဟာ ဝန်းသို ခမရ (၁၁၁) ၊ ခမရ (၁၂၀) စိုးမိုးထားတဲ့ နေရာဖြစ်ပြီး အဲဒီအနီး တစ်ဝိုက်တွေမှာလည်း ဗျူစောထီးတွေနဲ့ စစ်ကောင်စီတွေ စိုးမိုးထားတဲ့ ဒေသဖြစ်တာ‌ကြောင့် PDF တွေ သွားလာတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။

သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာမှာ စစ်ဆေးမေးမြန်းမှုကြောင့် ဓားထိုးရာ ဓားမွန်းရာစတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိထားတာကို တွေ့ရှိကြောင်း ပြောဆိုပါတယ်။

အဲသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။