ဓာတ်ပုံ – Kantarawaddy Times’s Page

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၄ ရက်

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်တဲ့ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေး ခြေကုပ်စခန်း)ကို ကရင်နီ တပ်မတော်- KA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KA အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို အတည်ပြုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင် တပ်စွဲထားတဲ့ စစ်ဆင်ရေး ခြေကုပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကရင်နီ တပ်မတော်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုပြီး တိုက်ခိုက်ရာ စစ်သားတွေ စခန့်စွန်ခွာပြီး မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ခြေကုပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကရင်နီပြည်ရဲ့ သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းပေါ့။ ထိုင်း-ကရင်နီနယ်စပ်မှာ နောက်ဆုံး လက်ကျန်စခန်းဖြစ်တယ်။ ဒရုန်း၊ လက်နက်ကြီးနဲ့ စပြီးတော့ တိုက်တာ။ ခွေး(စစ်ကောင်စီ) ဆုတ်ပြေးသွားတဲ့ အခြေအနေပါ” လို့ KA အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ဆင်ရေး ခြေကုပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်ပြီး စခန်းအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ ကား၊ ဆိုင်ကယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ဘက်ကတော့ စစ်ဆင်ရေး ခြေကုပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာလည်း ထိုင်း-ကရင်နီနယ်စပ်ရှိ ဆိုတရှားမြို့နယ်ထဲက စစ်ကောင်စီရဲ့ မယ်လယု တပ်စခန်းကို KA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။