ဓာတ်ပုံ- Google

ရွှေဖီမြေ၊ ဧပြီ ၃ ရက်၊ အင်းတော်

ကချင်တပ်မတော်- KIO/KIA ကလည်း ၃ ပတ်ကြာ အပစ်အခတ် ရပ်စဲမှာဖြစ်ကြောင်း မနေ့ ဧပြီ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက် အပိုဒ်(၄)ပါ အကြောင်းအရာအချက်အလက်ကို တိုင်းရင်းသား တော်လှန်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့သာမက စစ်ကောင်စီတပ်ဘက်ကလည်း လိုက်နာဖို့ လိုအပ်တယ်ဆိုပြီး ထုတ်ပြန်ချက်ထဲ ထည့်သွင်းရေးသားထားပါတယ်။

လူထုတွေကို စာနာတဲ့အနေနဲ့ ဧပြီ ၂ ရက်ကနေ လာမယ့် ဧပြီ ၂၂ ရက်အထိ ယာယီ အပစ်အခတ် ရပ်စဲမယ်ဆိုပြီး စစ်ကောင်စီက မနေ့ည ၈ နာရီခွဲကျော်မှာ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲက အပိုဒ်(၄)မှာ ရေးသားထားတဲ့အကြောင်းအရာဟာ “ယာယီ ပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အား စုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

ယာယီ အပစ်အခတ် ရပ်စဲမယ်လို့ ထုတ်ပြန်ထားတဲ့ စစ်တပ်ဟာ ဒီနေ့မနက် ၆ နာရီခန့်ကနေ ၆ နာရီခွဲအထိ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ Y-12 Military Transport Aircraft ၁ စီးနဲ့ ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအန္တရာယ်ကို စောင့်ကြည့်ပြီး မှတ်တမ်း တင်နေတဲ့ NAS- နပ်စ်က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် NUG က ၂ ပတ်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁ လကြာ ယာယီ အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။