ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လက်ပံတန်း

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ နဲ့ ၃ ရဲဘော်တွေက ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီ‌ကျော်က အုပ်ချုပ်ရေးမှူး သန်းဦးနဲ့ အပေါင်းအပါ ပျူစောထီး ၁ ဦး၊ ရာအိမ်မှူး ၁ ဦးဟာ လက်ပံတန်းမြို့ဘက် ဆိုင်ကယ် စီးလာစဥ် လွှစင်ကုန်းတာဆုံနားမှာ သာယာဝတီခရိုင် PDF က သတင်းရလို့ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ကြီးက ဆိုင်ကယ် ၁ စီး ပျူစောထီးနဲ့ရာအိမ်မှူးက ဆိုင်ကယ် ၁ စီးကို အတူစီးလာကြပါတယ်။ အနားရောက်မှ အုပ်ကြီးရဲ့ ရင်ဘတ်နဲ့ ခေါင်းတွေရော တခြားနေရာတွေရောကို သေနတ်နဲ့ ၁၂ ချက် ပစ်တာ ပစ်တဲ့နေရာမှာတင် သေပါတယ်။ အုပ်ကြီး သေတာမြင်ရော ပျူနဲ့ရာအိမ်မှူးက ဆိုင်ကယ်နဲ့ မောင်းထွက်ပြေးကြပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပျုစောထီးနဲ့ ရာအိမ်မှူး ထွက်ပြေးသွားကြပြီးနောက် လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်း၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၂ ခု၊ စစ်မှုထမ်းရမယ့် နာမည်စာရင်းပါ စာရွက်စာတမ်း‌နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်တွေ စစ်မှုထမ်းဖို့ လူစုတာ၊ စစ်မှုထမ်းကြေး ကောက်တာ၊ ဒေသခံဆီကနေ ငွေ​ အတင်းအကြပ် ကောက်ခံပြီး ငွေမပေးသူ‌တွေကို စစ်တပ်ကိုခေါ်ကာ ဖမ်းဆီးခိုင်းတာတွေ ပြုလုပ်နေတာကြောင့် အရေးယူရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေဆီကနေ စစ်မှုထမ်းကြေးဆိုပြီး လိုက်ကောက်နေတဲ့ အုပ်ကြီးနဲ့ ပျူစောထီးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲတွေက လိုက်လံ တိုက်ခိုက်လို့ ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။