ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၂)

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မင်းလှ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံဆီကနေ စစ်မှုထမ်းကြေးဆိုပြီး လိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲက လိုက်လံတိုက်ခိုက်လို့ ၅ ဦး သေဆုံးခဲ့ပါတယ်။

မင်းလှမြို့နယ် ထောက်ကြန့်အုပ်စုမှာ ဒေသခံဆီကနေ စစ်မှုထမ်းကြေး‌ ကောက်နေတဲ့ ဆားချောင်းရွာနေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက‌ ရွှေဖီမြေကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ရှိတဲ့ ရွာအနောက်ပိုင်းနဲ့ ပျူစောထီး ဇော်မင်းထွန်းရှိတဲ့ ရွာအရှေ့ပိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခွဲကျော်မှာ ရဲဘော်တွေက ၂ ဖွဲ့ ခွဲပြီး သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီး ကတုံးကို သွားရှင်းတော့ သူ့အိမ်မှာတင် တွေ့လို့ တစ်ခါတည်း ရှင်းနိုင်တယ်။ အုပ်ကြီး ဝင်းလှိုင်က အိမ်မှာ မရှိဘဲ သူ့တစ်အိမ်ကျော်က မင်္ဂလာဆောင် ရောက်နေတာ။ အုပ်ကြီးကို တွေ့ချင်လို့ ပြောတာကြောင့် သူ့သမီးက သွားခေါ်ပါတယ်။ အုပ်ကြီး မင်္ဂလာဆောင်အိမ်ကနေ သူ့အိမ်ကို ပြန်လာတုန်း ကြားထဲက အိမ်ရှေ့မှာ ရှင်းလိုက်တာ” လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက‌ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းလှိုင်နဲ့ ပျူစောထီး ဇော်မင်းထွန်းဆိုသူနှစ်ယောက်ကို သာယာဝတီခရိုင် PDF ရဲဘော်‌တွေက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ စစ်မှုထမ်းကြေးဆိုပြီး ဒေသခံဆီကနေ ငွေ အတင်းအကြပ် ကောက်ခံတာ၊ မပေးနိုင်သူတွေကိုတော့ စစ်‌တပ်ကို ဖမ်းဆီးခိုင်းတာ၊ စစ်ကောင်စီတပ် ထုတ်ပေးထားတဲ့ လက်နက်နဲ့ ဒေသခံတွေကို ခြိမ်းခြောက်နေတာကြောင့် အရေးယူရတာလို့ ဆိုပါတယ်။

ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့‌တွေကို ဒုက္ခပေးနေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်အနီး သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။