ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၃ ရက်၊ လက်ပံတန်း

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စု ရွှေဘိုစုရွာမှာ ဒေသခံတွေဆီ စစ်မှုထမ်းကြေးဆိုပြီး ငွေ လိုက်တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲကျော်က အုပ်ချုပ်ရေးမှူးဖြစ်သူ သိန်းဝင်းနဲ့ ဇနီး စန်းစန်းတို့ရဲ့နေအိမ်ကို စစ်ဆေးဖို့ ဝင်လာချိန်မှာ သိန်းဝင်းဆိုသူက လက်ပစ်ဗုံးနဲ့ ခုခံဖို့ ပြင်ဆင်နေတာကြောင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်က သေနတ်နဲ့ ကျည် ၁၀ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူနဲ့အတူ ရှိနေတဲ့ အမျိုးသမီးပါ ထိမှန်သေဆုံးသွားတယ်။ အဲအိမ်မှာက သူတို့နှစ်ယောက်ဘဲ ရှိတာ။ မနေ့ ၁ နာရီလောက်က သူတို့ရွာ သုဿန်မှာဘဲ သင်္ဂြိုလ်တယ်။ ရွာသားတွေ လိုက်မပို့ဘူး။ သူမိသားစုလောက်ဘဲ ပါတယ်”

သူတို့နှစ်ဦးဟာ စစ်မှုထမ်းကြေးဆိုပြီး ဒေသခံတွေဆီ ငွေ​ အတင်းအကြပ် ကောက်ခံနေပြီး ငွေ‌​ မပေးနိုင်တဲ့ ဒေသခံတွေကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းတာရှိပြီး သူ့ရဲ့လုပ်ရပ်ကို တိုင်ကြားမယ့် ဒေသခံကိုလည်း ဖမ်းဆီးဖို့ လုပ်ဆောင်လာတာကြောင့် အရေးယူရခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခု လုပ်ဆောင်ချက်ဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ နေအိမ်မှာ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လူစုနေသူ၊ ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ကို ဒုက္ခပေးနေကြတဲ့ စစ်တပ်နဲ့ စစ်တပ်‌ထောက်တိုင်‌ကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံအနေနဲ့ စစ်တပ်အနီးအနား သွားလာနေထိုင်တာ‌တွေ လုံးဝ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။