ရွှေဖီမြေ၊ ဇွန်လ ၁ ရက်

မန္တလေးမြို့နယ်က မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ တိုက်ပွဲအတွင်း ရန်သူရဲ့ကျည် ထိမှန်လို့ ကျဆုံးခဲ့တယ်လို့ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သူဟာ မေလ ၂၈ ရက်က မြေပြင်တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်နဲ့အတူ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ချိန် ရင်ဘတ်တည့်တည့်ကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ခွန်စိုင်း ကျဆုံးသွားတာဟာ တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီး မိသားစုတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

သူ့ရဲ့ နာရေးကို မေလ ၃၁ ရက်မှာ ကျန်ရစ်သူ အဖွဲ့သားတွေနဲ့ မိသားစု၊ ဒေသခံလူထုတို့က ပြုလုပ်ပေးခဲ့ပြီး တော်လှန်ရေးမဟာမိတ်အသီးသီးမှ ပေးပို့ထားတဲ့ သဝဏ်လွှာများဖတ်ကြားတာနဲ့ ကျန်ရစ်သူ လူထုတွေက လွမ်းသူ့ပန်းခွေ ချတာတွေကို ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အသက်ပေး ကြိုးပမ်းတိုက်ခိုက်သွားတဲ့ ဗိုလ်ဒေါင်းရဲ့ စိတ်ဓာတ်၊ လုပ်ဟန်နဲ့ ရပ်တည်ချက်တွေကို စံနမူနာယူပြီး လက်နက်ကိုင်တော်လှန်ရေးကို တတ်စွမ်းသမျှ ဆက်လက်ဆင်နွှဲ တိုက်ပွဲဝင်သွားမယ်လို့လည်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။